အခွန်ထမ်းပြည်သူများအနေဖြင့်
-
အခွန်ငွေများကိုသတ်မှတ်ရက်အတွင်းပေးသွင်းပါက တည်ဆဲအခွန်ဥပဒေအရ ဒဏ်ကြေးငွေ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်ဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဘဏ်များမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET စနစ်ကိုအသုံးပြု၍ အခွန်ငွေ များပေးသွင်းရာတွင်လည်းကောင်း ဘဏ်ပိတ်ချိန်နောက်ပိုင်းနှင့် ရုံးပိတ်ရက်များတွင် ဆောင်ရွက်ပါက ဘဏ်ပြန်ဖွင့်သည့်ရက်၌သာ Transaction လွှဲပြောင်းနိုင်မည်ဖြစ်၍ သတ်မှတ်ရက်ကျော်လွန်မှုမဖြစ်စေရန် အတွက် အဆိုပါရက်များမတိုင်မီ ပေးသွင်းကြရန်ဖြစ်ပါသည်။
Tax Payment Transaction တစ်ခုသည် အခွန်အမျိုးအစား၊ အခွန်ပေးသွင်းမှုအမျိုးအစား၊ အခွန်ပေးဆောင်သည့်ကာလတို့အတွက် တစ်ကြိမ်လျှင် တစ်မျိုးအတွက်သာဖြစ်သည်။
-
တစ်ကြိမ်တည်း ပေါင်း၍ ပေးသွင်းခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရ။